Ei chaw po wikipedia



Ei chaw po wikipedia

  • Ei chaw po wikipedia indonesia
  • Ei chaw po wikipedia full
  • Ei chaw po wikipedia shqip
  • Ei chaw po wikipedia tieng viet
  • Ei chaw po wikipedia full...

    အိချောပို

    အိချောပို (အင်္ဂလိပ်: Ei Chaw Po; ၁၉၉၀၊ ဇန်နဝါရီ ၃ ရက် မွေးဖွား) သည် မြန်မာနိုင်ငံသား မွန်အမျိုးသမီး သရုပ်ဆောင်၊ မော်ဒယ်တစ်ဦး ဖြစ်သည်။ သူမသည် မြန်မာရုပ်ရှင်ဇာတ်ကားများတွင် အဓိကနေရာမှ ပါဝင်သရုပ်ဆောင်ပြီး ဇာတ်ကားပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့သည်။[၁][၂][၃]

    ဘဝအစောပိုင်းနှင့် ပညာရေး

    [ပြင်ဆင်ရန်]

    အိချောပိုကို ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဦးချိုမောင်၊ ဒေါ်သီတာစန်း တို့ဖြစ်သည်။ မောင်နှမသုံးယောက်ရှိပြီး ဒုတိယမြောက်သမီး ဖြစ်သည်။ သူသည် အထက်တန်းပညာရေးကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း − ကမာရွတ် တွင် တက်ရောက်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် သူမသည် ရုပ်ရှင်ရိုက်ကူးရေးပညာ နှင့် ပြဇာတ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဂီတဒီပလိုမာဘွဲ့ ရရှိခဲ့သည်။[၄][၅]

    သက်မွေးမှုလုပ်ငန်း

    [ပြင်ဆင်ရန်]

    သရုပ်ဆောင်

    [ပြင်ဆင်ရန်]

    အိချောပိုသည် ကိုးတန်းတက်နေစဉ် ၂၀၀၆ ခုနှစ်တွင် မော်ဒယ်အလုပ်ကို စတင်လုပ်ဆောင်ခဲ့သည်။ သူမသည် မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံ